။ ကျေနပ်တယ် ။

။ အပေါင်းအဖော်တစ်ခဏဖြစ်ရတာလည်းကျေနပ်တယ်။ ။ မိတ်ဖြစ်ဆွေဖြစ်တစ်ခဏဖြစ်ရတာလည်းကျေနပ်တယ်။ ။ တစ်ခဏတာဆုံဆည်းရတာလည်းကျေနပ်တယ်။ ။ တစ်စက္ကန့်လေးသာချစ်ကြရတာလည်းကျေနပ်တယ်။ ။ တစ်သက်မှာတစ်ခဏလေးသာအားကိုးရတာလည်းကျေနပ်တယ်။ ။ အခေါ်အပြောမရှိကြတော့ပေမယ့်ကျေနပ်တယ်။ ။ မုန်းသွားလို့မမြင်ချင်ကြတော့ပေမယ့်လည်းကျေနပ်တယ်။ ။ စိတ်ဆိုးလို့တသက်သက်လုံးပစ်ထားရက်ပေမယ့်လည်းကျေနပ်တယ်။ ။ အကျည်းတန်အကျဉ်းတန်အမျိုးမျိုးလုပ်သွားခဲ့ပေမယ့်လည်းကျေနပ်တယ်။ ။ နောက်ပိတ်ဆုံးဒီအသက်ပါကွပ်မျက်သွားပေမယ့်လည်းကျေနပ်ပါတယ်လို့ပဲ ……။ ဘုန်းသစ်ထူး(၂၂.၉.၂၀၂၂) ရက်နေ့။